မြို့တိုင်းသန့်ရှင်းသာယာလှပစေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ များ၊ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့တိုင်းသန့်ရှင်းသာယာလှပစေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ များ၊ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ တွေ့ဆုံပွဲကျင်းပ




ပဲခူး၊ နိုဝင်ဘာ  ၂၆

ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက မြို့တိုင်း သန့်ရှင်းသာယာလှပစေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌများ၊ စည်ပင်သာယာရေး တာဝန်ရှိသူများ တွေ့ဆုံပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စည်ပင်သာယာရေးအဖွဲ့သည် မိမိတို့၏ မြို့သန့်ရှင်း သာယာလှပစေရေးအတွက် အခွန်ဘဏ္ဍာငွေပေါ် မူတည်ဆောင်ရွက်ရခြင်းဖြစ်၍ မြို့ပေါ်ရှိ အခွန်ပုံး၊ အခွန်ရှောင်သူများ ဖော်ထုတ်၍ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ရရှိအောင် ဆောင်ရွက် ရမည်ဖြစ် ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ တိုးတက်ရရှိမှသာ မြို့သန့်ရှင်းသာယာလှပစေရေး ပိုမိုဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ဆောင်ချက်သည်မြို့၏ သန့်ရှင်း သာယာလှပမှုပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည်ကို သတိချပ်စေလိုကြောင်း၊ စည်ပင် သာယာရေး လုပ်ငန်းအများစုသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆောင်ရွက်ရသည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်၍ ပြည်သူလူထုနှင့်ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင် မှာဖြစ်ကြောင်း၊ မြို့ဝင်/ထွက်နေရာများ ပန်းအလှပင်များ စိုက်ပျိုးသွားရန်၊ အများပြည်သူ အပန်းဖြေသည့် ပန်းခြံများအား ပြန်လည်အဆင့်မြှင့် တင်ခြင်းများ ဆောင်ရွက်သွားရန်၊ ရပ်ကွက်/ဈေးများအတွင်း ရေစီး ရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ ပြန်လည်တူးဖော်အဆင့် မြှင့်တင်သွားရန်၊ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဈေးရောင်းချစေရေးတို့အား အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် နှစ်စဉ် သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်နိုင်သည့် မြို့အားရွေးချယ်၍ ဆုပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပဲခူးတိုင်း ဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြို့အလိုက် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးခဲ့မှုနှင့် ၂၀၂၁-၂၀၂၂ (၆)လဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွားမည့် မြို့သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့တစ်ခုချင်းအလိုက် လိုအပ်ချက်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေကျပ် (၅၉၅၈.၉၅၃) သန်းဖြင့် စည်ပင်သာယာရေးလုပ်ငန်းများဖြစ်သော နိုင်လွန်ကတ္တရာလမ်း(၈)လမ်း၊ ကတ္တရာလမ်း(၁၄)လမ်း၊ ကွန်ကရစ်လမ်း(၇၉)လမ်း၊ ကွန်ကရစ်တံတား(၄၀)စင်း၊ မြို့ပြရေပေးဝေရေး လုပ်ငန်းများနှင့် မြို့သာယာ လှပရေးလုပ်ငန်းများအား (၃)လအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - ဝဏ္ဏမောင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)