မွန်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား တက်ရောက်


မော်လမြိုင်၊ နိုဝင်ဘာ  ၂၆

မွန်ပြည်နယ် အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်      အခမ်းအနားကို  မော်လမြိုင်မြို့၊  ဖက်တန်းရပ်ကွက်၊ ပြည်နယ် ခန်းမတွင် ယနေ့နံနက် ၉ နာရီကကျင်းပခဲ့ရာ  မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊   ပြည်နယ်အမျိုးသမီး      ကော်မတီဝင်များ၊ INGO ၊ NGO နှင့်  အရပ်ဖက် လူမှုအဖွဲ့အစည်းမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က  အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု   ပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ် ဆောင်ပုဒ်သည်“အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့” ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု  ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားဆောင်ရွက်မှုကို မြန်မာနိုင်ငံအနေနဲ့ ၂၀၁၈ ခုနှစ် က စတင်ခဲ့ပြီး  မြန်မာနိုင်ငံ၏  လူဦးရေ၏   ၅၁ ဒသမ ၈၁ရာခိုင်နှုန်း အမျိုးသမီးများဖြစ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုမှ ကာကွယ်ပေးခြင်းသည် နိုင်ငံသားတိုင်း တာဝန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ချမှတ်ထားသည့် မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန်(၁၂)ရပ်နှင့်အညီ အမျိုးသမီးများ အခွင့်အရေး အပြည့်အဝ ရရှိစေရေးနှင့်   အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက် လျက်ရှိသလို အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကို   (၂၀၁၃−၂၀၂၂)ကိုလည်း ကျား၊ မရေးရာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် သက်ဆိုင်သော ဗီဒီယိုကလစ်ပြသခြင်းနှင့် ၂၀၂၁ ခုနှစ်တွင် Care Myanmar မှ ကျင်းပသော အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အကြိုလှုပ်ရှားမှု အွန်လိုင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့်  ဗီဒီယိုမှတ်တမ်းပြသပေးပြီးနောက် အထိမ်းအမှတ် မှတ်တမ်း ဓာတ်ပုံစုပေါင်း ရိုက်ကူးကြကြောင်း သိရသည်။


သတင်း - ဇာဖြူဝင်း(ပြန်/ဆက်)


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)