ငပလီ၊ နိုဝင်ဘာ ၂၆
ငပလီမြို့တွင် အသက်(၁၈) နှစ်နှင့်အထက်ဦးတည်အုပ်စုရှိ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး တစ်ကြိမ်မှမထိုးနှံရသည့် ဦးတည်အုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ငပလီမြို့၊ (၂၅) ကုတင်ဆံ့ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးထိုးစုရပ်တွင် ဦးတည်အုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကျန်းမာရေးဝန်ကြီဌာန၏ သတ်မှတ် ထားသော စည်းကမ်းချက် များနှင့်အညီ သတ်မှတ်နေရာများတွင် ထိုးနှံပေးလျှက်ရှိပြီး လာရောက် သူများအနေဖြင့် နှောင့်နှေးကြန့်ကြာ မှုများမရှိစေရေးအတွက် ရပ်ကွက်အလိုက်စာရင်းကြိုတင်ကောက် ယူပေးခြင်းကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေး ဝန်ထမ်းများမှ ကိုယ်ပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပြီးမှသာ တိုကင်စနစ်ဖြင့် သတ်မှတ်နေရာများတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အများပြည်သူများနှင့်ထိတွေ့ဆက်ဆံနေသူများ ပရဟိတ ဆောင်ရွက်ပေး နေသည့် စေတနာ့ဝန်ထမ်းများ၊ မှီခိုနေသူများ၊ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများ၊ ယာဉ်လုပ်ငန်း လုပ်ကိုင် နေသူများ၊ ပြင်ပစီပွားရေးလုပ်ကိုင်နေသူများနှင့် တစ်ကြိမ်မှကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများ အား ကိုဗစ်-၁၉ ရေဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို နိုဝင်ဘာလ (၂၅) ရက်နေ့မှ စတင်ထိုးနှံပေးလျက် ရှိရာ ယနေ့ထိ ပြည်သူ (၁၀၀၀) ဦးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ရန်ငြိမ်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment