မင်းဘူး၊ နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၁/၂၀၂၁)နှင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင် ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်ဦးကျော်တို့က ကာကွယ်ဆေးထိုးနှံနေမှုနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ၊ နယ်မြေအေးချမ်း သာယာရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ကိုဗစ်ကော်မတီအဖွဲ့ဝင်များက မိမိတို့လုပ်ငန်းတာဝန်များ၊ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးနေမှု အခြေအ နေများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှု အခြေအနေများ၊ အောက်ဆီဂျင်စက်ရုံများ ထုတ်လုပ် လည်ပတ်နေမှုများ၊ ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးနေမှု၊ ထိုးနှံပြီးစီးမှုနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများကို Phase-4 ပထမအကြိမ် ထိုးနှံပေး နေမှုအခြေအနေများ၊ ဈေးများ၊ ဌာနဆိုင်ရာ ရုံးများတွင်း လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါ ရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌက မြို့နယ်အလိုက် ကိုဗစ် ကာကွယ် ဆေး ထိုးနှံပေးနေမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများ လာရောက်ထိုးနှံနိုင်ရေး၊ Phase များအလိုက် ပထမအကြိမ်ထိုးနှံပြီးသူများအနေဖြင့် ဒုတိယအကြိမ် မပျက်မကွက် လာရောက်ထိုးနှံ နိုင်ရေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် မကြာခဏ အသိပညာပေးနှိုးဆော်မှုများကို ဆက်လက် ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - မောင်မောင်(မင်းဘူး)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment