ပင်လောင်းမြို့နယ်တွင် စတုတ္ထအသုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီးသူပေါင်း ၄၇၇၂ ဦးရှိပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် စတုတ္ထအသုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီးသူပေါင်း ၄၇၇၂ ဦးရှိပြီဖြစ်

      

ပင်လောင်း၊ နိုဝင်ဘာ   ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် အသက်၁၈ နှစ်မှ အသက်၆၅ နှစ်ကြား ပြည်သူများအား ဦးစားပေးအုပ်စုများ သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံခဲ့ဖူးခြင်း မရှိသည့် ပြည်သူများအား စတုတ္ထအသုတ် (ပထမအကြိမ်) ကာကွယ် ဆေးထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်များအလိုက် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးမှုတွင် ယမန်နေ့ထိ စေတနာ/ပရဟိတ ဝန်ထမ်း ၃ ဦး၊ သာသနာ့ဝန်ထမ်း ၂၈ ဦး၊ နိုင်ငံ့ဝန်ထမ်း ၇၀ ဦး၊ ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေး လုပ်ငန်းမှ ၂ဦး၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများမှ ၂၆ ဦး၊ အခြားဝင် ငွေမရှိသော လုပ်ငန်း လုပ်ကိုင်သူများမှ ၄၄၅၃ ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းသူများ/ လက်ဖက်ရည်ဆိုင်/ စားသောက်ဆိုင်မှဝန်ထမ်း ၂ ဦး၊ မှီခိုသူ ၁၈၅ ဦး၊မသန်စွမ်းသူ ၂ဦး စုစုပေါင်း ၄၇၇၂ ဦး တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီဖြစ်ပြီး ပင်လောင်းမြို့နယ် အတွင်းရှိ ရပ်ကွက်များ နှင့် ကျေးရွာအုပ်စုများမှ သတ်မှတ်အုပ်စုများတွင် ပါဝင်သော ဆေးထိုးရန် ကျန်ရှိနေသူများအား သတ်မှတ်ဆေးထိုး စုရပ်များဖြစ်သည့် ပင်လောင်းမြို့ ဆိုင်ကလုန်းရှက်တာခန်းမ၊ အထက(၂) ကျောင်းခန်းမ၊ နောင်တရားမြို့ အ.ထ.က ၊ တီကျစ်မြို့ အ.ထ.က၊ ဆောင်းပြောင်း အ.ထ.က နှင့်ပေါင်းလောင်းမြို့ တလိုင်းမ အ.ထ.က၊ လုံးကဲ(အ.မ.က) ကျောင်း တို့တွင်သတ်မှတ်ရက်များ အလိုက် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံမှ သိရသည်။

သတင်း - ထွန်းလင်း 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)