မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၆/၂၀၂၁) အစည်းအဝေး တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၆/၂၀၂၁) အစည်းအဝေး တက်ရောက်









မကွေး၊ နိုဝင်ဘာ  ၂၇

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁)အစည်းအဝေးကို   ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ ကဏ္ဍစုံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးမှုတွေ ရရှိနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကြွယ်ဝ ချမ်းသာရေးအတွက် နိုင်ငံတော်အတွင်း FDI နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားများပြားလာခြင်းမှာ အဓိက ဖြစ်ပါကြောင်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှု နှင့်အတူ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ နည်းပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ တိုးပွားများပြားလာမှာ ဖြစ်ကြောင်း၊ နိုင်ငံသားလုပ်ငန်းများ ဖွံ့ဖြိုးလာစေဖို့ လိုအပ်တဲ့နည်းပညာ ကျွမ်းကျင်မှုတို့ ရရှိစေဖို့အတွက် မြန်မာ နိုင်ငံကုမ္ပဏီများ ဥပဒေတွင် နိုင်ငံသားလုပ်ငန်းရှင်များ အတွက်အရေးကြီးတဲ့ ပြဋ္ဌာန်းချက် တစ်ခုပါရှိကြောင်း၊ မြန်မာနိုင်ငံသားကုမ္ပဏီ တစ်ခုတွင် နိုင်ငံခြားသားပါဝင်မှုကို ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြု ပေးထားပါကြောင်း၊ နိုင်ငံခြားသား လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံသားကုမ္ပဏီတွင် ပူးပေါင်း ဆောင်ရွက်ဖို့ အခွင့်အရေး တွေပေါ်လာသလို၊ မိမိတို့ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့ လုပ်ငန်းမှာ နိုင်ငံခြားသား စီးပွားရေးမိတ်ဖက်များကို တရားဝင်ဖိတ်ခေါ်ခွင့် ရတဲ့အတွက် လုပ်ငန်းအတွက် လိုအပ်တဲ့ ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်ရရှိခြင်းစသည့် အကျိုးကျေးဇူးများ ကို ရရှိလာနိုင်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ နိုင်ငံအတွင်းတိုးပွား များပြားလာစေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသူများ ရသင့်ရထိုက်သော အခွင့်အလမ်းများပေးခြင်းနှင့် လုပ်ငန်း အပေါ်အာမခံခြင်းတို့ကို ခွင့်ပြု ပေးထားပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေတွင်လည်း National Treatment ကို ဖော်ပြထားပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအပေါ် အာမခံခြင်းနှင့် ပတ်သက်၍ နိုင်ငံပိုင်သိမ်းယူခြင်း(Nationaliza tion)၊ တိုက်ရိုက်သိမ်းယူခြင်း (သို့မဟုတ်) သွယ်ဝိုက်သိမ်းယူခြင်း (Direct or Indirect Expropriation)တို့ ပြုလုပ်မည် မဟုတ်ကြောင်း၊ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် တိုင်းဒေသကြီးအတွင်း လာရောက် ရင်းနှီးမြှုပ်နှံသည့် မတည်ငွေရင်း အမေရိကန်ဒေါ်လာ ၅ သန်း (သို့မဟုတ်) မြန်မာကျပ်ငွေ သန်းခြောက်ထောင် အထိရှိသော လုပ်ငန်းများကို စိစစ်ခွင့်ပြု ပေးပါကြောင်း၊ လုပ်ငန်းရှင်များနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုမိန့် (သို့မဟုတ်) ခွင့်ပြု မိန့် ရယူ၍ အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ အခွင့်အလမ်းများကို လျှောက်ထားရယူနိုင်ပါကြောင်း  ပြောကြား သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး(၆/၂၀၂၁) အစည်း အဝေးတွင်  ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှု်ပနှံမှုလုပ်ငန်း(၁)ခု၏ ကုန်ကြမ်းအမျိုးအစား တိုးမြှင့် တင်သွင်းရန်နှင့် ထုတ်ကုန်အမျိုးအစား တိုးမြှင့်ထုတ်လုပ်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ကော်မတီအဖွဲ့ဝင် များက ဆွေးနွေးခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ ရင်းနှီးမြှုပ်နှံမှုအတည်ပြုမိန့်များ လျှောက် ထားလိုသည့် လုပ်ငန်းရှင်များအနေဖြင့် မြို့နယ်စုပေါင်းရုံး(ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ကြောင်း သိရသည်။

သတင်း - မောင်ညီညာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)