မိုးညှင်းမြို့၌ ၂၀၂၁−၂၀၂၂ခုနှစ် (၆)လဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန် ပုံငွေပေးအပ်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညှင်းမြို့၌ ၂၀၂၁−၂၀၂၂ခုနှစ် (၆)လဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန် ပုံငွေပေးအပ်ပွဲ ကျင်းပ

 


မိုးညှင်း၊ နိုဝင်ဘာ   ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁−၂၀၂၂ခုနှစ် (၆)လဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီခွဲတွင် ဤဦးစီးဌာနအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က အမှာစကားပြောကြားရာတွင် မိုးညှင်းမြို့နယ်မှာဆိုရင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအနေနဲ့ ၂၀၁၄−၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၁−၂၀၂၂ (၆)လ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ(၅၂)ရွာနှင့် ယူနစ်ပေါင်း(၄၇)ယူနစ်၊ VDVစီမံကိန်းအနေဖြင့် ၂၀၁၅-၂၀၁၆ခုနှစ် ဘဏ္ဍာရေးနှစ်မှစတင်ဆောင်ရွက်ခဲ့ရာတွင် ယခုဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ပေါင်း (၁၀၈)ရွာတို့ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား ခဲ့သည်။

အဆိုပါလုပ်ငန်းစီမံကိန်းရန်ပုံငွေများပေးအပ်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန အနေဖြင့် ကျေးလက်နေပြည်သူများ ကိုယ်တိုင်ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များရေးဆွဲဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေး စီမံချက်များအပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့် ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်လုပ်ငန်း များအား မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် မိုးညှင်းမြို့နယ်ကျေးလက်ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုနှစ်၊ (၆)လဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(MSY)နှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)များ လွှဲပြောင်းပေးအပ်ရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အနေဖြင့် ကျေးရွာတစ်ရွာအတွက် ငွေကျပ်သိန်း(၃၀၀)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအနေဖြင့် ကျေးရွာလေးရွာအတွက် ငွေကျပ်သိန်း(၄၀၀) စုစုပေါင်းငွေကျပ်သိန်း(၇၀၀)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းလက်စွဲစာအုပ်များကို မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကော်မတီဝင်များထံသို့ တာဝန်ရှိသူများက အသီသီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ဇွဲသူရအောင်( ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)