နမ့်စန်တွင် ကိုဗစ်အတည်ပြု လူနာအသစ် ၁၀ ဦး စစ်ဆေးတွေ့ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်စန်တွင် ကိုဗစ်အတည်ပြု လူနာအသစ် ၁၀ ဦး စစ်ဆေးတွေ့ရှိ


နမ့်စန်၊ နိုဝင်ဘာ  ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် နိုဝင်ဘာလ ၁၉ ရက်၌ ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိ၍ ဆေးကုသမှုခံယူနေသော ရပ်စောက်မြို့နယ်မှ ၆၈နှစ်အရွယ် သံဃာတော် ၁ ပါး သည် ယနေ့နံနက် ၂နာရီခွဲ အချိန်တွင် ပျံလွန်တော်မူသွားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိ၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ပန်လင်းဆိုင်ကျေးရွာမှ ၂၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးသည် ယနေ့ နံနက် ၉နာရီတွင် ထပ်မံသေဆုံးသွားခဲ့သဖြင့် ၎င်းတို့၏ Death Body များကို မြို့နယ်မှတာဝန်ရှိသူများက ကိုဗစ်စည်းကမ်းများနှင့်အညီ နေ့ချင်း မီးသင်္ဂြိုလ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုး၍ လာရောက် ပြသသူများ နှင့် အခြား ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးသည့်နေရာတို့မှ စုစုပေါင်း၂၂၈ ဦးကို မြို့နယ် ပြည်သူ့ဆေးရုံနှင့် အဆိုပါကွင်းဆင်းစစ်ဆေးသည့်နေရာများတွင်  ယနေ့ နံနက် ၉နာရီမှ နေ့လည် ၁နာရီ အတွင်း RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမှတ်(၂)ရပ်ကွက်မှ အမျိုးသမီး ၁ ဦး၊ အမှတ်(၁)ရပ်ကွက် မှ အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၅ ဦး နှင့် ဟိုက်ဖတ်ကျေးရွာမှ အမျိုးသား ၁ ဦး၊ စုစုပေါင်း ၁၀ ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့တွင် ယမန်ရက်နေ့၌ ကျန်းမာရေးကောင်းမွန်၍ အမျိုးသား ၁ဦး ဆေးရုံဆင်းခဲ့ပြီး ယနေ့ နေ့လည်ပိုင်းအထိ မြို့နယ်ပြည်သူ့ ဆေးရုံတွင် ကုသဆဲ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၄၆ ဦးရှိကြောင်း  သိရသည်။                                                

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)