မန်းရွှေစက်တော်ဘုရားကြီးတွင် ဓာတ်လှေကားတာဝါဆောက်လုပ်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးမင်းဘူး၊ နိုဝင်ဘာ ၂၈ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန်းရွှေစက်တော်ဘုရားကြီးတွင် ဓာတ်လှေကားတာဝါဆောက်လုပ်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးမင်းဘူး၊ နိုဝင်ဘာ ၂၈


မင်းဘူး၊ နိုဝင်ဘာ  ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီးတင့်ကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်ဦးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ဓါတ်လှေကားတာဝါ ဆောက်လုပ်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့သည် မန်းရွှေစက်ဘုရား ဓာတ်လှေကားတာဝါ ဆောက်လုပ်နေမှုနှင့် ပြီးစီးမှုအခြေအနေများ၊ ဓာတ်လှေကားအနီး ကားတက် လမ်းနှင့် မြေနေရာရှင်းလင်းခြင်းဆောင်ရွက်နေမှု အခြေအနေများ၊ အထက်စက်တော်ရာ၊ အောက်စက် တော်ရာ၊ မန်းချောင်းအပါအဝင် မန်းရွှေစက်တော်ဘုရားကြီးပရဝုဏ် အတွင်းနှင့်အပြင် သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများ၊ ရွှေစက်တော်အဝင် (၃)မိုင်းလမ်းတွင် မိုးတွင်းကာလ တောင်ကျရေများ ဖြတ်သန်းစီးဆင်းမှုကြောင့် ရေကျော်လမ်းများ ပျက်စီးနေမှုနှင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ မန်းရွှေစက်တော်ဘုရားသို့သွားရာ ပုသိမ်-မုံရွာကားလမ်း မပေါ်ရှိ မြို့နယ်ဧရိယာအတွင်း၌ မိုးတွင်းကာလတွင် ပျက်စီးခဲ့သောလမ်းများနှင့် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများ၏  လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အချိန်တို အတွင်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။ 

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့သည် မင်းဘူး(စကု) မြို့နယ် ပန်းတောင်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စာကိုကြိုးစားပြီး လေ့လာသင်ယူသွားကြရန် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - မောင်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)