မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ တွေ့ဆုံညှိနှိုင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ တွေ့ဆုံညှိနှိုင်း

 


မကွေး၊ နိုဝင်ဘာ  ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီးနှင့် တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ တွေ့ဆုံညှိနှိုင်းပွဲကို ယမန်နေ့ နံနက်၁၀ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်တွေ့ဆုံ၍ စည်ပင်သာယာရေးလုပ်ငန်းများအား စီမံကိန်း၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားသည်။

တွေ့ဆုံစဉ် မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က စည်ပင်သာယာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဝန်ထမ်းများ အနေဖြင့် စည်းမျဉ်း၊ စည်းကမ်းနှင့် အညီဖြစ်စေရေး၊ မြို့ပြဖွံ့ဖြိုး တိုးတက်မှုများ ဆောင်ရွက်ရာတွင် ခံယူချက်ကောင်းများ ထားရှိရေး၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏  လမ်းညွှန်မှာကြား ချက်များအား  တာဝန်ကျေပွန်အောင် အလေးအနက်ထားဆောင်ရွက်ရန်  မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ရသုံးမှန်ခြေဦးစီးဌာန ညွှန်ကြားရေးမှူးက ရငွေ/ သုံးငွေများအား မည်ကဲ့သို့ လျာထား/ သုံးစွဲရမည်ကို ရှင်းလင်းပြောကြားပြီး၊ တိုင်းဒေသကြီးစီမံကိန်း ညွှန်ကြား ရေးမှူးမှ ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ လျာထားခြင်း၊ ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ၊  တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့၊ တိုင်းဒေသကြီးဦးစီးမှူးက စည်ပင်သာရေးလုပ်ငန်းများအား ထုတ်ပြန်ထားရှိသည့် ဥပဒေများနှင့်အညီ  ဆောင်ရွက်ရန်၊ ဝန်ထမ်းများ အနေဖြင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား တိတိကျလိုက်နာ၍ စိတ်ကောင်း စေတနာကောင်းများဖြင့် ဆောင်ရွက်ရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံညှိနှိုင်းပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင်၊ တိုင်းဒေသကြီး ရသုံး မှန်းခြေဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် မြို့နယ်စည်ပင်သယာရေးအဖွဲ့များမှ မြို့နယ်အမှုဆောင်အရာရှိများနှင့် တာဝန်ခံအင်ဂျင်နီများ တက်ရောက်ခဲ့ကြသည်။

သတင်း - မောင်ညီညာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)