ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့လှူဒါန်းသည့် ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့လှူဒါန်းသည့် ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကျင်းပ




လပွတ္တာ၊ နို၀င်ဘာ  ၂၇

ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စက်မှု လက်မှုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် သင်တန်းများသင်ကြားမှုကိုကြည့်ရှု အားပေးခဲ့ပြီး  လပွတ္တာခရိုင် ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့  ဧရာ၀တီတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင်မောင်၀င်းနှင့်  အဖွဲ့၀င်များ တက်ရောက်ခဲ့ပြီး အောက်ဆီဂျင်စက်ရုံစတင်လည်ပတ်နိုင်ရေး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ၀န်ကြီးချုပ် ဦးတင်မောင်၀င်းမှ အောက်ဆီဂျင်စက်ရုံဆိုင်ရာ အထောက်အထား များအား ဆေးရုံအုပ်ကြီး ဒေါက်တာအိသန္တာထွေးသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၀န်ကြီးချုပ်နှင့်အဖွဲ့မှ လပွတ္တာ ခရိုင် ကုတင်(၂၀၀)ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအတွက် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခဲ့ သည်။ 

လပွတ္တာမြို့ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ အောက်ဆီဂျင်စက်ရုံသည်  စက်အမျိုးအစား WYO-30/4-150၊  တရုတ်နိုင်ငံထုတ်၊ တစ်နာရီထုတ်လုပ်နိုင်မှု ၄၀လီတာ(၅)လုံး၊ စုစုပေါင်းတန်ဖိုး ကျပ် (၁၉၁၄.၉၂၆)သိန်းဖြစ်ပြီး ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းခြင်းဖြစ်ကြောင်း သိရ သည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)