မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ပခုက္ကူခရိုင်စီမံချုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်များနှင့်တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ပခုက္ကူခရိုင်စီမံချုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်များနှင့်တွေ့ဆုံဆွေးနွေး


ပခုက္ကူ၊ နိုဝင်ဘာ   ၂၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်နှင့်ကွန်ပျူတာတက္ကသိုလ်များမှ တာဝန်ခံပါမောက္ခချုပ်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် နယ်မြေလုံခြုံရေးကဏ္ဍများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဒေသအကျိုး၊ ပြည်သူလူထုအကျိုးအတွက် အမှန်တကယ်ထိ‌ရောက်အောင် အရှိန် အဟုန်မပျက် ဆက်လက် ဆောင်ရွက်ကြရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျဆင်းခဲ့ရသည့် စားသုံးကုန်နှင့် လူသုံးကုန် စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများ ကိုဗစ်အလွန်ကာလများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းလက်တွဲပြီး ကြိုးပမ်း ဆောင်ရွက်ကြရန်တို့ကို လမ်းညွှန်မှာကြားသည်။

ထို့နောက် တက်ရောက်လာသည့် ပခုက္ကူခရိုင်စီမံချုပ်ရေးအဖွဲ့ဝင်များ၊ အဆင့်ဌာနဆိုင်ရာများနှင့် တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်တို့က မိမိတို့ဌာနလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲ၊ပြဿနာများ၊ ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်မည့် ‌လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသီးအသီးရှင်းလင်းတင်ပြကြရာ ဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များနှင့် လက်သန့်ဆေးရည် (Hand Gel) များ ထောက်ပံ့ပေးအပ် ကြောင်းသိရသည်။

သတင်း - ဆလိုင်းကိုကီး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)