ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ






ကျောက်ဆည်၊  နိုဝင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေ သည့် ပြည်သူများ ကာကွယ်ဆေးထိုးရာတွင် အဆင်ပြေစေရေးအတွက် စုကြီးရပ်ကွက်၊ မြို့တော်ခန်းမ တွင် ယနေ့နံနက်(၉)နာရီခွဲက စတုတ္ထအသုတ်(ပထမ)အကြိမ်နှင့် တတိယအသုတ် (ဒုတိယ)အကြိမ် အဖြစ် နေရာ(၂)နေရာခွဲပြီး ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်းရေးကော်မတီ ဦးဆောင်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းကာ ပြည်သူများ စိတ်အေးချမ်းသာစွာရှိစေရေး  စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိရာ စတုတ္ထအသုတ် (ပထမ)အကြိမ်တွင် သံဃာတော်နှင့် သီလရှင်(၂၇)ပါး၊ အစိုးရကျန်းမာရေး ဝန်ထမ်း(၄)ဦး၊ လူမှုရေး အသင်းအဖွဲ့ဝင်(၁)ဦး၊ နိုင်ငံဝန်ထမ်း(၈၇)ဦး၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်း (၄၅)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ကိုင်သူ(၈၇)ဦး၊ ဟိုတယ်/တည်းခိုခန်းလုပ်ကိုင်သူ(၃)ဦး၊ ပုဂ္ဂလိကငွေကြေး ဝန်ဆောင် မှု လုပ်ကိုင်သူ(၄)ဦး၊ ပုဂ္ဂလိက ပညာရေးဝန်ထမ်း(၃)ဦး အခြားဝင်ငွေရပြည်သူ(၅၉၀၄)ဦး၊ မှီခိုပြည်သူ (၂၀၀၂)ဦး၊  မသန်စွမ်းသူ(၃)ဦး၊ ကျောင်းသား/ ကျောင်းသူ (၄၀၀၆)ဦး စုစုပေါင်း(၁၂၁၇၆)ဦး ရှိကြောင်း  သိရှိရသည်။

တတိယအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးများကို သံဃာတော်နှင့် သီလရှင်(၅၉)ပါး၊ အစိုးရ ကျန်းမာရေးဝန်ထမ်း(၁)ဦး၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၄)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင်(၂)ဦး၊  နိုင်ငံဝန်ထမ်း (၁၀၀)ဦး၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်း(၁၃၈)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ကိုင်သူ (၁၃၇)ဦး၊ ဟိုတယ်/ တည်းခိုခန်းလုပ်ကိုင်သူ(၄)ဦး၊ ပုဂ္ဂလိက ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်သူ(၁၇)ဦး၊ ပုဂ္ဂလိကပညာရေးဝန်ထမ်းဝန်ထမ်း (၁၅)ဦး၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်(၆)ဦး၊ အခြား ဝင်ငွေရပြည်သူ (၅၆၅၀)ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူ(၁၇)ဦး၊ မှီခိုပြည်သူ(၂၁၂၃)ဦး၊  မသန်စွမ်းသူ(၂)ဦး၊ စုစုပေါင်း (၈၂၇၅)ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးပေးပြီးဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

သတင်း - သက်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)