သံဖြူဇရပ်၊ နိုဝင်ဘာ ၂၆
နိုင်ငံသားတိုင်းအတွက်အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာအုပ်စု၌ မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက “’လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့’’ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ ထင်းရူးကျေးအုပ်စု၌ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးသည်။
ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးပြီး အသက် ၁၀နှစ်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က)တွင် ကျား(၄)ဦး၊ မ(၃) ဦး၊ အသက် ၁၈နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က)တွင် ကျာ(၄)ဦး၊ မ(၆)ဦး၊ အသက် ၁၀ နှစ်မှ ၁၈ နှစ်ပြည့်လဲလှယ်တွင် ကျား(၃၄)ဦး၊ မ(၅၁)ဦးနှင့် ပျောက်ဆုံး ပျက်စီးထုတ်ပေးခြင်းတွင် ကျား(၁၂)ဦး၊ မ(၁၂)ဦးတို့အား ကတ်အမျိုးမျိုးဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်း(၁၂၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်း - အေးအေးမွန်(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment