မြစ်သားမြို့နယ်တွင် ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်သားမြို့နယ်တွင် ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး



မြစ်သား၊ နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊မ ြစ်သားမြို့နယ်တွင် ဒုတိယအသုတ် ဒုတိယအကြိမ် အဖြစ်  အသက်  (၅၅) နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြစ်သားမြို့နယ်အတွင်း  အတွင်းရှိ ကူမဲ၊ မိုင်းမော၊ ရေဝန်း၊ မင်းဝန်၊ ရွာခိုင်ကြီး၊ ဒါးရယ်ကောင်းကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲ စုရပ်(၆) နေရာတို့နှင့် မြစ်သားမြို့လုပ်အားကြေးမုံခန်းမတို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

မြစ်သားမြို့နယ်တွင် နိုဝင်ဘာ(၂၆)ရက် (ယနေ့)တွင် မြစ်သားမြို့နယ်မှ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူ(၄၅)ဦးကို ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။

အဆိုပါ ဒုတိယအသုတ် ဒုတိယအကြိမ်အဖြစ်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးသူ စုစုပေါင်း( ၁၇၃၆၄) ဦးရှိပြီး   အခြားကျန်ရှိနေသူများကိုလည်း  ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် ဦးစားပေးအုပ်စု အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း - မြမြမွန် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)