ဖောင်းပြင်မြို့နယ်၌ အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံး အားကစားပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖောင်းပြင်မြို့နယ်၌ အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံး အားကစားပြိုင်ပွဲကျင်းပ


ဖောင်းပြင်၊ နိုဝင်ဘာ  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးအားကစားပြိုင်ပွဲကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စတင်ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲသည် ကွင်းအကျယ် ၁၂၀ပေ × ၆၀ပေ၊ ဂိုးအကျယ် ၆ ပေ၊ အမြင့် ၁၀ ပေ ဖူဆယ်အားကစား ဖြစ်ပြီး ၇ ယောက်တန်း ကစားရသည့် ဘောလုံးအားကစား ပြိုင်ပွဲဖြစ်ကြောင်း၊ ဆုချီးမြှင့်ခြင်းအနေဖြင့် ပထမဆုအတွက် ငွေကျပ် ၃သိန်း၊ ဒုတိယဆုအတွက် ငွေကျပ် ၂သိန်း၊ တတိယဆုအတွက် ငွေကျပ် ၁ သိန်း အသီးသီးချီးမြှင့် သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအားကျင်းပရာတွင် အဆင်ပြေစေရေးအတွက် ပြိုင်ပွဲဖြစ် မြောက်ရေးကော်မတီနှင့် မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီတို့က ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီက တာဝန်ရှိသူထံမှ သိရသည်

ထိုသို့ကျင်းပရာ အသင်း(၁၄)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပွဲဦးထွက်အနေဖြင့် အောင်တံခွန် အသင်းက FGအ သင်းကို ၃ ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိကာ၊ Good Gameအသင်းနှင့် Heroအသင်းက ဂိုးမရှိသရေဖြင့် ယမန်နေ့ပွဲစဉ်များ ပြီးမြောက်ခဲ့ကြောင်း ဆက်လက်၍ ကျန်ရှိသည့် အသင်းများကို နားရက်မရှိ ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)