နမ္မတူမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူ ၃၀၀ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူ ၃၀၀ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး



နမ္မတူ၊ နိုဝင်ဘာ   ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီခွဲအချိန်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည် ခန်းမ၌ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက နိုဝင်ဘာလ (၂၅)ရက် နေ့တွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူ (၃၀၀)ဦးအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်လည်း ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။     

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စု အလိုက်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၄၇၂၈ဦး၊ ကျောင်းသား/ကျောင်းသူ ၃၃၆ ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၂၂၆၆ဦးနှင့် ကျောင်းသား/ကျောင်းသူ ၅၇၄ဦး၊ စုစုပေါင်းကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၇၉၀၄ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီး ကပ်ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - လူမော် (ပြန်/ဆက်)

https:/t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)