သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၄၅)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၄၅)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး



ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် မထိုးနှံရသေးသည့် အသက်(၄၅)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို  မြို့နယ်အတွင်း စုရပ်နှစ်နေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ  ယနေ့ ရတနာမြေဓမ္မာရုံ၊ ရေနံသာလမ်း၊ သုဝဏ္ဏ ၂၄ ရပ်ကွက်တွင် ဒုတိယအကြိမ် ကာကွယ် ဆေးလာရောက် ထိုးနှံကြသူ ကျား ၁၂၀ ၊ မ ၂၀၀ ဦး စုစုပေါင်း ၃၂၀ ဦးရှိ ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ကျန်းမာရေး ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ  ကူညီဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

သတင်း - စန္ဒာမိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)