စစ်ကိုင်းမြို့တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းမြို့တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်



စစ်ကိုင်း၊ နိုဝင်ဘာ ၂၅

စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ စစ်ကိုင်းမြို့ အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်းရှိ ကလေးငယ်များအား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို အဆိုပါကျောင်းဝင်းအတွင်း နိုဝင်ဘာ(၂၅)ရက်၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်က အမှာစကား ပြောကြားပေးပြီး ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကိုကိုက ကျောင်းသား/ ကျောင်းသူလေးများ စာသင်ချိန် နားနေချိန်များတွင် အားကစားများ လေ့ကျင့်နိုင်အောင် အားကစားလေ့ကျင့်ခြင်းဖြင့် ကျန်းမာရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်ကြောင်း နောက်နောင်လည်း အားကစား ပစ္စည်းများ စုံလင်အောင် ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အားကစားမှူးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

သတင်း - ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)