ပွင့်ဖြူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် မိုးစပါးဧကများအတွက် ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် မိုးစပါးဧကများအတွက် ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်



ပွင့်ဖြူ၊ နိုဝင်ဘာ  ၂၅

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် (၁၅.၉.၂၀၂၁)ရက်နေ့ အထိ ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧကများအတွက် ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေး အပ်ခြင်းကို နိုဝင်ဘာ ၂၅ ရက် ၊ ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧကများအတွက် နိုင်ငံတော်အစိုးရမှ တောင်သူများ အခက်အခဲ မဖြစ်စေရန်နှင့် အစားထိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါ ကြောင်း ၊ မိမိတို့မြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးရေနှင့် ရာသီဥတုမျှတကောင်းမွန်သည့် အတွက် ဆန်စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ၊ တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးနှင့် စိုက်နည်းစနစ်မှန်ကန်စေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိကိုယ်စား ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်အေးအေးစိုး က သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧကများအတွက် ဓာတ်မြေဩဇာအိတ် ထောက်ပံ့ပေးမည့်အစီ အစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာအုပ်စုရှိ တောင်သူ ၁၇၃ ဦး၏ မိုးစပါးဧက ၃၂၀ ဧကအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော (50Kg) ဓာတ်မြေဩဇာအိတ် (၁၅၂)အိတ်အား ဒေသခံတောင်သူများထံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။ 

သတင်း - ရဲဝင်းနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)