သံဖြူဇရပ်မြို့၌ အငြိမ်းစားဝန်ထမ်း၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံဖြူဇရပ်မြို့၌ အငြိမ်းစားဝန်ထမ်း၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ


သံဖြူဇရပ်၊ နိုဝင်ဘာ   ၂၅

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို နိုဝင်ဘာ၂၁ရက်မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင်လည်း       ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးရာတွင်လည်း ကိုဗစ်-၁၉ ကာလ ဖြစ်သည့်အတွက် အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးနှင့် လူစု၊ လူဝေး မဖြစ်ပေါ်စေရန် စနစ်တကျဆောင်ရွက်ပေးပြီး တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာနေရာများ ချထားပေးခြင်း၊ လက်ဆေးဘေစင်များ ဆောင်ရွက်ပေးထားကြောင်းကို သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှသိရသည်။

သတင်း - အေးအေးမွန် (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)