ငါးသိုင်းချောင်း၊ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ ဆေးထိုးစုရပ်၌ နိုဝင်ဘာ လ ၂၅ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပဉ္စမအကျော့) (ပထမအကြိမ်) လူဦးရေ(၂၀၀)ဦးကို ဦးစားပေး ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးထိုးစုရပ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့အထိ (ပထမအကြိမ်) ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၅၂၉၆)ဦးရှိပြီး (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပေးရန် သတ်မှတ် ရက် ပြည့်ပြီးသူများကိုလည်း ကာကွယ်ဆေးတပြိုင်တည်း ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံခြင်း အစီအစဉ်များကို ကာကွယ်ဆေး ခွဲဝေရရှိမှုပေါ်မူတည်၍ ဦးစားပေး ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ (ပဉ္စမအကျော့)သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေပြည့်မီအောင် ထိုးနှံနိုင်ရေး၊ အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာမြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သတင်း - စိုးမင်းဦး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment