မြိတ်မြို့နယ်ရှိ အခြေခံသမဝါယအသင်း(၆၆)သင်းသည် ကုန်ထုတ် ကုန်သွယ် ဝန်ဆောင်မှုနှင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဖြင့် ရှင်သန်အောင်မြင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့နယ်ရှိ အခြေခံသမဝါယအသင်း(၆၆)သင်းသည် ကုန်ထုတ် ကုန်သွယ် ဝန်ဆောင်မှုနှင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဖြင့် ရှင်သန်အောင်မြင်လျက်ရှိ






မြိတ်၊ နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ အခြေခံသမဝါယအသင်းများမှ သမဝါယမလုပ်ငန်းများ ဖြစ်သည့် ကုန်ထုတ်ကုန်သွယ် ဝန်ဆောင်မှု လုပ်ငန်း၊ စိုက်ပျိုးရေး မွေးမြုရေးလုပ်ငန်းများနှင့် ချေးငွေလုပ်ငန်းများကို ‌ ဆောင်ရွက်လျက်ရှိကြရာ လုပ်ငန်းများ လည်ပတ်အောင်မြင်လျက်ရှိပြီး  အခြေခံသမဝါယမအသင်း(၆၈)သင်းဖြင့် စုဖွဲ့ထားရှိသည့် မြို့နယ်သမဝါယမအသင်းစုသည် အသင်းစု သက်တမ်း(၁၁)နှစ်တာ ကာလ၌ နိုင်ငံတော်၏ စွမ်းဆောင်ရည် အမြင့်မားဆုံး မြို့နယ် သမဝါယမအသင်းစု ဂုဏ်ပြုဆုနှင့် မြို့နယ်စုအဆင့် ထူးချွန်ဆု (ဗဟိုအဆင့်) ပထမဆုကို (၂၀၁၉)ခုနှစ်တွင် ရရှိခဲ့ကြောင်းသိရသည်။

“ မြိတ်မြို့နယ်မှာ သမဝါယမ အသင်းပေါင်း(၆၈)သင်းရှိပါတယ်။ အသင်းတွေမှာ အရင်းအနှီး စုဆောင်းတဲ့ အနေနဲ့ Exim Bank ချေးငွေစီမံကိန်းကို (၂၀၁၄)ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပါ တယ်။ ချေးငွေရယူသူတစ်ဦးမှသူတို့ အတွက် (၁၀)ရာခိုင်နှုန်း စုဆောင်းခဲ့တဲ့ (၈)နှစ်တာကာလ အတွင်းမှာ အသင်းတွေရဲ့ပိုင်ဆိုင်မှုအနေနဲ့ သိန်းရာချီဖြစ် နေပါတယ်။ အသင်းတွေကိုယ်ပိုင်ငွေ ရှိလာပြီဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင်ရပ်တည်နိုင်ကြပြီး ကုန်ထုတ် လုပ်ငန်း၊ ကုန်သွယ် ရေးလုပ်ငန်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေလုပ်နေကြတဲ့ အနေအထားမှာ ရှိကြပါတယ်” ဟု မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးလှကြည်က ပြောသည်။

မြို့နယ်သမဝါယမအသင်းစုသည် အသင်းစုဝင် အခြေခံသမဝါယမအသင်းများ ကျစ်လစ်ခိုင်မာ သောအသင်းများအဖြစ် ရပ်တည်နိုင်‌ရန်၊ အသင်းစုများ၏ စီးပွားရေးလုပ်ငန်းများအဖြစ် ကုန်ထုတ် လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု လုပ်ငန်းများကို ဆောင်ရွက်သွားရန်နှင့် အသင်းဝင် အသင်းများ အား ယင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကြေး အရင်းအနှီး၊ နည်းပညာရပ်များ၊ ဈေးကွက်၊ ကုန်ကြမ်းနှင့်ကုန်ချောပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊   အသင်းဝင် သမဝါယမ အသင်းများအနေဖြင့် အကျိုးဝေစုရရှိပြီး အပိုဝင်ငွေ တိုးတက်လာစေရန်နှင့်  သမဝါယမ အသင်းများ ရှင်သန်ဖွံဖြိုးတိုးတက်ရေးနှင့် သမဝါယမပညာရေးလုပ်ငန်းများ စည်းရုံးဆောင်ရွက် ရန် စသည့် ရည်ရွယ် ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခြေခံသမဝါယအသင်းများမှ သမဝါယမလုပ်ငန်းများဖြစ်သည့် ကုန်ထုတ် ကုန်သွယ် ဝန်ဆောင် မှုလုပ်ငန်း၊ စိုက်ပျိုးရေး မွေးမြုရေးလုပ်ငန်းများနှင့် ချေးငွေလုပ်ငန်းများကို ‌ ဆောင်ရွက်လျက်ရှိကြရာ မြိတ်မြို့နယ်ရှိ အခြေခံ သမဝါယအသင်း (၆၈)သင်းတွင် (၆၆)သင်း သည် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြပြီး မြို့နယ်သမ ဝါယမအသင်းစုသည် သမ ဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းစု၏ ရည်ရွယ်ချက်နှင့် ရှေ့ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကာ လက်ရှိအချိန်တွင် အကျိုးအမြတ်ကို အဓိက မထားဘဲ ကုန်ဈေး နှုန်းတည်ငြိမ် သက်သာစွာဖြင့် ဆန်များ၊ အိမ်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူး ရောင်းချရန်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြိတ်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းကို နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက အသင်းစုရုံးခန်းမတွင် ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေး မှူး ဦးကျော်စိုးမင်းက တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေး တွင် အသင်းစု၏ လုပ်ငန်းဆောင်ရွက်မှု၊ ဘဏ္ဍာ‌ရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှု ရှင်းတမ်းဖတ်ကြားခဲ့ကြပြီး အသင်းစု၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်။

မြိတ်မြို့နယ်တွင် ရှင်သန်အောင်မြင်လျက်ရှိသည့် အခြေခံသမဝါယမ အသင်းများတွင် အသင်း သား/သူ စုစုပေါင်း (၁၁၇၉၉)ဦးရှိပြီး အခြေခံသမဝါယမအသင်းများစုပေါင်း၍ မြို့နယ်သမ ဝါယမအသင်းစုလီမိတက်ဖြင့်  သမဝါယမ အခန်းကဏ္ဍတိုးတက်မြှင့်မားစေရန် ဆောင်ရွက် လျက်ရှိသည်။ ကျေးလက်နေပြည်သူလူထုနှင့် မြို့ပြလူတန်း စားများ၏ လူမှုစီးပွားဘဝတိုးတက် မြင့်မားစေရန်၊ သမဝါယမ စီးပွားရေးလုပ်ငန်းများက နိုင်ငံတော်၏ စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်၊ သမဝါယမ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် သမဝါယမအခန်းကဏ္ဍ တိုးတက်လာစေရန် သမဝါယဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ခိုင်ထူး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)