မကွေးတိုင်းဒေသကြီးအစိုးအရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်ရှင်များနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးအရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်ရှင်များနှင့်တွေ့ဆုံ




မကွေး၊ နိုဝင်ဘာ  ၂၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်သည် မကွေးတိုင်းဒေသကြီး အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များ အနေဖြင့် စားသောက်ဆိုင်များ ဖွင့်လှစ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ဖွင့်လှစ်ရေး၊ စားသောက်ဆိုင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ အကျိုးအမြတ်များသာမက မိမိတို့ တိုင်းဒေသကြီး လူနေမှုစနစ် အဆင့်မြင့်မား လာစေရေးနှင့် စားသုံးသူများ၏ အခွင့်အရေးများကိုလည်း အလေးထား ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ဝင်းက စားသောက်ဆိုင်လုပ်ငန်းရှင်များ စားသောက်ဆိုင်များဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် စားသုံးသူများ၏ အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိန်က ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဟိုတယ်၊ မိုတယ်များအား ကိုဗစ်-၁၉ကာကွယ်ရေး နည်းလမ်း များနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့မှုများ၊ ကိုဗစ်-၁၉အလွန် တိုင်းဒေသကြီးအတွင်း ခရီးသွားလာမှုစီမံချက်များ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးကျော်သူရ ကုမ္ပဏီများမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းလမ်းများနှင့် လိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ တိုင်းဒေသကြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က စားသောက်ဆိုင်များအနေဖြင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ရာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်း များကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက်တိုင်းဒေသကြီးစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လက်ဖက် ရည်ဆိုင်များ၊ စားသောက်ဆိုင်များတွင် တွေ့ကြုံနေရသော အခက်အခဲများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးမှ လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ကိုစည်သူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)