ရွှေပြည်သာမြို့နယ်တွင် စားပေးအုပ်စုများအလိုက်ကိုဗစ်ကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံ ပြီးသူပေါင်း(၇၈၅၇၈)ဦး ရှိပြီဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေပြည်သာမြို့နယ်တွင် စားပေးအုပ်စုများအလိုက်ကိုဗစ်ကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံ ပြီးသူပေါင်း(၇၈၅၇၈)ဦး ရှိပြီဖြစ်


ရွှေပြည်သာ၊ နိုဝင်ဘာ  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊  မြောက်ပိုင်းခရိုင်၊  ရွှေပြည်သာမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်စေရန်နှင့်ကူးစက်မှုမရှိ စေရန်ရည်ရွယ် ကာကွယ် ဆေးများကို ဦးတည်အုပ်စုများ အလိုက်   ထိုးနှံပေးလျက်ရှိရာ  ယနေ့နံနက် ၉နာရီချိန်မှစတင်၍သက်ဆိုင်ရာကာကွယ် ဆေးထိုးနှံမည့်   ရပ်ကွက်များတွင် အသက်(၄၅)နှစ်အထက် နှင့် အသက်(၁၈)နှစ်အထက် ရဟန်းရှင်လူပြည်သူများအား(ဒုတိယ)အကြိမ်ကာကွယ် ဆေးများထိုးနှံပေးခဲ့ကြသည်။

အဆိုပါကာကွယ်ဆေး(ဒုတိယ)အကြိမ်ထိုးနှံ ပေးခြင်းကို ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံ ၊ အမှတ်(၁၆)၊   အမှတ်(၇)၊အမှတ်(၈)၊အမှတ်(၉)ရပ်ကွက်များတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးမြင့်ဦး ၏ဦးဆောင်မှု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်း၏  အနီးကပ်ကြီးကြပ်မှုဖြင့်   ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနမှညွှန်ကြား ထားသည့် လမ်းညွှန်ချက်များနှင့်အညီကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးရန်လာ ရောက်ကြသည့်ရဟန်းရှင်လူပြည်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများကသတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊  လိုအပ်သည့်   ကူညီမှုများဆောင် ရွက်ပေးခြင်း၊စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊  ကျန်းမာ ရေးဌာနမှ ဝန်ထမ်းများက    ကိုယ်အပူချိန်   တိုင်းပေးခြင်း၊အောက်ဆီဂျင်တိုင်းပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို   စနစ်တကျ  ဆောင်ရွက်ပေးပြီး  ပုံမှန်အခြေအနေရှိသူများကို  ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။

ရွှေပြည်သာမြို့နယ်တွင်ကိုဗစ်ကာကွယ်ဆေးထိုးနှံ ခြင်းလုပ်ငန်းများကိုမြို့နယ်ကိုဗစ် ကော်မတီဝင်များ၊သက်ဆိုင်ရာတာဝန်ရှိသူများ၊ကျန်းမာ ရေးဝန်ထမ်းများ၊စာ ရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊   ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက  ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ  ဦးစားပေးအုပ်စုများအလိုက်နိုဝင်ဘာ ၂၅ရက်နေ့ အထိ( ဒုတိယ)အကြိမ်ကာကွယ် ဆေးထိုးနှံပြီးသူပေါင်း    (၇၈၅၇၈)   ဦးရှိပြီဖြစ်

ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးမှ သိရှိရပြီးသတ်မှတ်နေရာများတွင်  သတ်မှတ်ထားသည့်အချိန်များအတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

သတင်း - အေးမိုး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)