လှိုင်းဘွဲမြို့နယ် ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်း/သံဃာများ ရပ်ကွက်အတွင်း ပြန်လည်ဆွမ်းခံကြွ ရောက် ပေးလျက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်းဘွဲမြို့နယ် ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်း/သံဃာများ ရပ်ကွက်အတွင်း ပြန်လည်ဆွမ်းခံကြွ ရောက် ပေးလျက်


လှိုင်းဘွဲ၊ နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်း/သံဃာများ အနေဖြင့်  ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် မနက်ဆွမ်းခံကြွခြင်းကို ခေတ္တယာယီရပ်နားထားခဲ့ရာ ယနေ့နံနက်ပိုင်းက ရဟန်း/သံဃာများ ဆွမ်းခံပြန်လည်ကြွရောက်ပြီးဖြစ်ကြောင်း သိရသည်။

ရဟန်/သံဃာများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်နှင့်အညီ ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ဆွမ်းခံကြွခြင်း မပြု တော့ဘဲ ယခုဆိုရင် မြို့နယ်အတွင်း ကူးစက်ပျံ့နှံ့မှု မရှိတော့သဖြင့် ရဟန်း/သံဃာများ ပြန်လည် ဆွမ်းခံကြွ နေပြီးဖြစ်ရာ ရပ်ကွက်နေပြည်သူများက ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဆွမ်းလောင်းခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

သတင်း - စောဒိ( ပြန် / ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)