နေပြည်တော်၊ နိုဝင်ဘာ ၂၇
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီခွဲတွင် မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်၊ ကျွန်းတော(၃၄) လမ်းတွင် နေမျိုးဦး(ခ)ဂမ်အောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၃၉၅ ပြားတို့ကို သိမ်းဆည်းရမိခဲ့ပြီး ထိုနေ့၌ပင် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ တံတားဦးရပ်၊ မြဝတ်ရည်လမ်းတွင် ပြည့်စိုးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေ စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၉၉၄ ပြားကိုလည်းကောင်း၊ နိုဝင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီတွင် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အမှတ်(၆)ရပ်ကွက်၊ ဝမ်းဘော်ဒတ် ပူးပေါင်း စစ်ဆေးရေးဂိတ်အနီးတွင် လမ်းလျှောက်လာသည့် ကျော်ဇင်ဝင်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၂၀၀ ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၅၀ တွင်လည်း သထုံမြိုနယ်၊ နောင်ကုလားကျေးရွာနေ မခင်လေးကြည် (ခ)နီလာထွန်း၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၈၉ ပြားကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment