သီပေါမြို့နယ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးချက်လုပ်ရာတွင်အသုံးပြုသည့် ဓာတုဆေးရည် (၁၀၁၂၀.၇၈)လီတာအားဖျက်ဆီးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သီပေါမြို့နယ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးချက်လုပ်ရာတွင်အသုံးပြုသည့် ဓာတုဆေးရည် (၁၀၁၂၀.၇၈)လီတာအားဖျက်ဆီးပွဲပြုလုပ်





သီပေါ၊ နိုဝင်ဘာ  ၂၆

 ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးချက် လုပ်ရာတွင်အသုံးပြုသည့် ဓာတုဆေးရည် (၁၀၁၂၀.၇၈)လီတာ အားဖျက်ဆီးခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက တုံစင့်ကျေးရွာအုပ်စု စစ်မှုထမ်းဟောင်း အိမ်ရာရှေ့လမ်းဘေးမြေကွက်လပ်၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 ဖမ်းဆီးရမိသော မူးယစ်ဆေးချက်လုပ်ရာတွင်အသုံးပြုသည့် ဓာတုဆေးရည် တိုင်ကီ(၆၈)လုံး  (၁၀၁၂၀.၇၈)လီတာ  ကာလတန်ဖိုး ကျပ်သိန်းပေါင်း ငါးထောင်ကျော်တန်ဖိုးရှိ ဆေးရည်များကို ၁၂ပေ ပတ်လည်ကျင်း အတွင်းသို အကာအကွယ်ဝတ်စုံဝတ်ဆင်ထားသော တာဝန်ရှိသူများက သွန်ချကာ မြေများပြန်လည်ဖို၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 အဆိုပါအခမ်းအနားသို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်စိုးဝင်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မြင့်မြတ် နှင့် ရဲတပ်ဖွဲ့ဝင်များ ၊ မြို့နယ်ဥပဒေအရာရှိ ၊ စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ နှင့်ဝန်ထမ်းများ ၊ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ နှင့် တပ်ဖွဲ့ဝင်များ ၊ လားရှိးမြို့ အမှတ်(၂၄) မူးယစ်တပ်ဖွဲ့မှ ရဲအုပ်သန်းဝင်း ၊ သီပေါတပ်နယ်မှ အရာရှိများ ၊ သီပေါမြို့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်စိတ်မှအရာရှိများ ၊ တုံစင့်ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)