မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ပခုက္ကူမြို့၌ ပန်းခင်းစီမံချက်အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူ ပွဲတက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ပခုက္ကူမြို့၌ ပန်းခင်းစီမံချက်အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူ ပွဲတက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု

 


ပခုက္ကူ၊ နိုဝင်ဘာ   ၂၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် နိုဝင်ဘာလ ၂၆ရက် နံနက်ပိုင်းတွင် ပခုက္ကူမြို့၌ ပန်းခင်းစီမံချက်အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူပွဲတက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက် နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပထမဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်အဖွဲ့သည် နံနက် ၉နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ မြို့မလမ်း၊ ရွှေချောင်းတံတားထိပ်တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်ပါပန်းခင်းစီမံချက်အသိပညာပေးပိုစတာစိုက်ထူပွဲတက်‌ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာရှိ ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦ (Multi-Purpose Shelter) ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုအခြေအနေကို နံနက် ၁၀နာရီအချိန်က ကွင်းဆင်းကြည့် ရှုစစ်ရာ မ‌ကွေးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ထွေးကြည် နှင့် တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာတို့က တည်ဆောက်ပြီးစီးသည့် အဆောက်အဦကို လိုက်လံရှင်းလင်းပြသပြီးလုပ်ငန်းအသေးစိတ်အကြောင်းတို့ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နံနက် ၁၁အချိန်တွင် ပခုက္ကူတက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ်ဘောလုံးကွင်း ပွဲကြည့်စင်(RC) နှစ်ထပ် အဆောက်အဦ တည်ဆောက်မှုအခြေအနေကြည့်ရှုစစ်ဆေးသည်။ ထို့အပြင် ပခုက္ကူ တက္ကသိုလ်၊ လေးထပ်ဆောင်ရှိ ဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး) များနှင့် ဘာသာရပ်များအလိုက်အသစ်ခန့်အပ်ထားသည့် နည်းပြ၊သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင် (၁၀၉)ဦးတို့နှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း(Mask) အခု ၃၆၀၀နှင့် လက်သန့်ဆေးရည်( Hand Gel) ဗူး ၄၀‌ ကျော်တို့ကို ထောက်ပံ့ပေးအပ်ရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

သတင်း - ဆလိုင်းကိုကီး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)