ရခိုင်ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ(ပထမအကြိမ်) အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ(ပထမအကြိမ်) အစည်းအဝေးကျင်းပ


စစ်တွေ၊ နိုဝင်ဘာ  ၂၆

ရခိုင်ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ(ပထမ အကြိမ်) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် ရာသီဥတုပြောင်း လဲမှုကြောင့် ဖြစ်ပေါ်လာသည့် မုန်တိုင်းများ၊ မြင့်မားသည့် ဒီရေလှိုင်း များ စသောသဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ရသည့်အခါတွင် ဒီရေတောများ အပါအဝင် ပင်လယ်ကမ်းရိုးတန်း ဂေဟစနစ်များသည် အဓိကကျသောအကာအကွယ်များဖြစ်သည်ကို အားလုံးသိရှိ ပြီးဖြစ်ပါကြောင်း၊ ဒီရေတောများနှင့် ပင်လယ်ကမ်းရိုးတန်း ဂေဟစနစ်များကရရှိသည့် ထုတ်ကုန် ပစ္စည်းများနှင့် ဝန်ဆောင်မှုအမျိုမျိုးတို့သည် ဒေသခံပြည်သူများ အတွက်သာမက ပြည်နယ် လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊  ရာသီဥတုပြောင်းလဲမှု လျော့နည်းသက်သာ စေရေးတို့အတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကမ်းရိုးတန်းနှင့်အဏ္ဏဝါသယံဇာတများ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရန် ဒေသ၏အားနည်းချက်၊ အားသာချက်များကို လေ့လာဆန်းစစ် ဖော်ထုတ်ပြီး ပင်လယ် ရေညစ်ညမ်းမှု ကင်းစေရေးဆိုင်ရာ လုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ မိမိတို့နယ်မြေ ဒေသအလိုက်၊ ဝန်ကြီးဌာနအလိုက် ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသောဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ဆဲ၊ ရှေ့ဆက်ဆောင်ရွက် သင့်သည့် အစီအမံများနှင့် လုပ်ငန်းစဉ်များကို ယခုအစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြစေလို ကြောင်းပြောကြား သည်။

ဆက်လက်၍ ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပင်လယ်ကမ်းရိုးတန်း သယံဇာတထိန်းသိမ်းနေမှုများနှင့်ပတ်သက်၍ရှင်းလင်း တင်ပြသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များ ဖြစ်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှု များကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေး တင်ပြ ကြသည်။ ယင်းနောက် ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော် မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပေးပြီး ပြည်နယ်ဝန်ကြီး ချုပ်က နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။

သတင်း - တင်ထွန်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)