မိုင်းယန်း၊ နိုဝင်ဘာ ၂၆
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ရောဂါဖြစ်ပွားမှုအား တားဆီး ကာကွယ်နိုင်စေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား RDT Tesk Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများက အခမဲ့ စစ်ဆေးပေးလျက် ရှိသည်။
ထိုသို့ သွားရောက်စစ်ဆေးပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးဘနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေးကြီးကြပ် (၁)ဦးကျော်သက်ပိုင်နှင့် ဝန်ထမ်းများက မိုင်းယန်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူ စုစုပေါင်း (၁၆၁)ဦးတို့အား RDT Tesk Kit ဖြင့် အခမဲ့ စစ်ဆေးပေးခဲ့ရာ (၁၄)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၇၂)ဦး တွေ့ရှိသည့်အနက် ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ နေအိမ်သို့ ပြန်လည်စေလွတ်သူ (၁၄၂)ဦးရှိကြောင်း သိရသည်။
သတင်း - ထွန်းထွန်းထူး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment