နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော ဒေသခံပြည်သူများအား RDTစနစ်ဖြင့် စစ်ဆေးခြင်း၊ ကာကွယ် ဆေးထိုးနှံခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော ဒေသခံပြည်သူများအား RDTစနစ်ဖြင့် စစ်ဆေးခြင်း၊ ကာကွယ် ဆေးထိုးနှံခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ


မိုးမိတ်၊ နိုဝင်ဘာ  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေး တွင် RDT စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး အခမဲ့စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် နှာခေါင်း စည်းများကို အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ထို့သို့ စစ်ဆေးရာ၌ နိုဝင်ဘာ ၄ ရက်နေ့က မြို့မဈေးရှိ ဈေးသူ၊ဈေးသား (၁၄၀)ဦးအား RDT ဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ပြီး ယနေ့တွင် စစ်ဆေးရန်ကျန်ရှိသော ဈေးသူ၊ ဈေးသားများနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသော လမ်းသွားလမ်းလာ ဒေသခံပြည်သူများ (၆၀) ဦး အား RDT စနစ်ဖြင့် စစ်ဆေးခဲ့ ရာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ တစ်ဦးမှမရှိကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသူ (၁၅) ဦးအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သတင်း - စည်သူဌေး (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)