ကြာအင်းဆိပ်ကြီးမြို့နယ်၌ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့နယ်၌ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ






ကြာအင်းဆိပ်ကြီး၊ နိုဝင်ဘာ  ၂၆

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ထောက်ပံ့မှုဖြင့် ၂၀၂၁ခုနှစ်  အားကစားနှင့် ကာယ ပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ၃နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မြို့မ ဘောလုံးအားကစားကွင်း၌ ပြုလုပ်ကျင်းပသည်။

အဆိုပါဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ အားကစားသများများ ကွင်းအတွင်း သို့ဝင်ရောက်နေရာယူ ချီတက်အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်က အားကစားသမားများအား ဘောလုံးပြိုင်ပွဲ ပြုလုပ်ကျင်းပပေးရခြင်းနှင့် ပတ်သက်၍ပြောကြားပြီး အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် သန့်ရှင်းစွာယှဉ်ပြိုင်ကစားသွား စေဖို့အတွက် အမှာစကားပြောကြားသည်။

ထို့နောက် ကရငိပြည်နယ်လက်ရွေးစင် ကြာအင်းဆိပ်ကြီးမြိူ့နယ်ဂုဏ်ဆောင် U-21 ဘောလုံးအားကစားသမားနှင့် ဘောလုံးနည်းပြအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

၎င်းအသက်(၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲအား အပေါင်း(၁၃)သင်း အုပ်ချုပ်သူ နည်းပြနှင့် အားကစားသမား စုစုပေါင်း(၃၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

သတင်း - မျိုးမင်းဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)