သံတောင်ကြီးမြို့ဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် စစ်ဆေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတောင်ကြီးမြို့ဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် စစ်ဆေးပေး





သံတောင်ကြီး၊ နိုဝင်ဘာ  ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ထိရောက်စွာ ကာကွယ်နိုင်ရေး အတွက် ယနေ့နံနက် (၁၀)နာရီ အချိန် သံတောင်ကြီးမြို့ဝင်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုရှိမရှိ RDT  Test  Kit ဖြင့် ခရီး သွားလာသူများအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ မရှိ ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် သံတောင်ကြီး မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဆင့်၊ နှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး ကွင်း ဆင်းစစ်ဆေးပေးခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)