ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ရှင်သာမဏေများအားကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ရှင်သာမဏေများအားကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေး





ပြင်ဦးလွင်၊ နိုဝင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်အတွင်းတွင် ကျောင်းပြင်ပနှင့် တစ်သက်တာ အစီအစဉ် ဖြင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး  ပထမ အကြိမ် ထိုးနှံပေးခြင်းကို   ယမန်နေ့  နံနက် ( ၁၀နာရီ ခွဲမှ စတင်ပြီး  ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၊ ဓမ္မသဟာယသာသနစင်တာရှိ ဓမ္မဝိဇယ သဘာဓမ္မာရုံ၌  ရှင်သာမဏေများအား  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ  ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။  

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်းများတွင်  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်  မထိုးနှံရသေးသည့်  ရှင်သာမဏေများအား ကာကွယ်ဆေးထိုး စုရပ်အဖြစ် သတ်မှတ် ပြီး  အပူချိန်တိုင်းတာခြင်း၊  စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း  စသည့် ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး   တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းကာ  ရှင်သာမဏေ  (၄၆) ပါးတို့အား  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)