ဟုမ္မလင်း နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၌ အသက်(၄၅)နှစ်နှင့်အထက် (တတိယအသုတ်) ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီအချိန်အထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမနှင့် နောင်ပကျစ်ရပ်ကွက်ရှိ ဟုမ္မလင်းမြို့တော်ခန်းမတို့၌ ဆေးထိုးစုရပ်(၂)ခုဖြင့် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်(၄၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (တတိယအသုတ်) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို (တတိယအသုတ်) ပထမအကြိမ် ထိုးနှံပြီးဖြစ်သည့် ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်များမှ သံဃာတော်(၁၅)ပါး၊ ဒေသခံပြည်သူ ကျား(၂၅၁)ဦးနှင့် မ(၃၄၄)ဦး စုစုပေါင်း (၆၁၀)ဦးတို့အား ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ဧဆက်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment