မိုးကောင်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး Sinovac ကို ဒုတိယအကြိမ်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးကောင်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး Sinovac ကို ဒုတိယအကြိမ်ထိုးနှံပေး




မိုးကောင်း၊ နိုဝင်ဘာ  ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး Sinovac ကို အသက် ၁၂ နှစ်နှင့်အထက်ကျောင်းသားကျောင်းသူများအား အထက ၂ ကျောင်း၊ အထက-နမ္မတီးနှင့် ပင်းဘောကျေးရွာဘက်စုံသုံးခန်းမ ဆေးထိုးစုရပ်တို့၌ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်ကာကွယ်ဆေး Sinovac ထိုးပေးရာတွင် မိုးကောင်းမြို့အထက ဆေးထိုး စုရပ်တွင် အလယ်တန်းကျောင်းသား ၂၄၈ ဦး၊ အလယ်တန်းကျောင်းသူ ၂၄၄ ဦး၊ အထက်တန်းကျောင်းသား ၁၀၃ ဦးနှင့် အထက်တန်းကျောင်းသူ ၁၇၁ ဦး စုစုပေါင်း ၇၆၆ ဦးကိုလည်းကောင်း၊ အထက-နမ္မတီးဆေးထိုးစုရပ်တွင် အလယ်တန်း ကျောင်းသား ၁၃၇ ဦး၊ အလယ်တန်းကျောင်းသူ ၁၄၃ ဦး၊ အထက်တန်းကျောင်းသား ၈၁ ဦးနှင့် အထက်တန်းကျောင်းသူ ၁၃၃ ဦး စုစုပေါင်း၄၉၄ ဦးကို လည်းကောင်း၊ ပင်းဘောဘက်စုံသုံးခန်းမ ဆေးထိုးစုရပ်တွင်  အလယ်တန်းကျောင်းသား ၃၆၁ ဦး၊ အလယ်တန်းကျောင်းသူ ၄၃၁ ဦး၊ အထက်တန်းကျောင်းသား ၁၁၅ ဦးနှင့် အထက်တန်း ကျောင်းသူ၂၃၁ စုစုပေါင်း ၁၁၃၈ ဦးကို လည်းကောင်း ထိုးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Sinovac ကာကွယ်ဆေး first doses တွင် ဆေးထိုးပြီးကျောင်းသားဦးရေ ၄၀၁၀ ဦးရှိခဲ့ရာ ယခု Second dosesတွင် နိုဝင်ဘာ ၂၄ ရက်ထိ ဆေးထိုးပြီးသူဦးရေ ၂၃၉၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဆေးထိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်း - သန်းလွင်ဦး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)