မိုင်းငေါ့၊ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ပညာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ယမန် နေ့နံနက် (၁၀)နာရီ အချိန်က မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ယာယီပိတ်ထားသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့် လှစ်ခဲ့ရာ မိုင်းငေါ့ပညာရေးဌာနမှ ဆရာ(၁)ဦး ၊ ဆရာမ(၁)ဦး နှင့် မန်လုံ ရပ်ကွက်မှ ဒေသခံ (၉) ဦး စုစုပေါင်း (၁၁) တို့အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာအားလုံး Negative ဖြစ်ကြောင်း ကျန်းမာရေးဌာန မှ တာဝန်ရှိ သူ တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။
သတင်း - မြင့်သွယ်(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment