မိုင်းယောင်း၊ နိုဝင်ဘာ ၃
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၏ ဦးဆောင်စီစဉ်မှုဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SINOPHARM)ကို ဒေသခံပြည်သူ ၃၀၉၅ ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
ယင်းသို့ထိုးနှံခဲ့ရာတွင် နိုဝင်ဘာ ၁ ရက်က (ဒုတိယ) အသုတ် (ဒုတိယ) အကြိမ် အဖြစ် ဒေသခံပြည်သူ ၁၅၆၀ ဦးကိုလည်းကောင်း၊ နိုဝင်ဘာ ၂ ရက်က (ပထမ)အသုတ် (ပထမ) အကြိမ်အဖြစ် ပြည်သူ ၁၅၃၅ ဦးကိုလည်းကောင်း ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေး ခဲ့သည်။
ပြည်သူများ ကာကွယ်ဆေး ထိုးနှံနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment