တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနက ဝန်ထမ်းများနှင့်ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်း ချိုသာစွာဖြင့် လှည့်လည်ရောင်းချ ပေး လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနက ဝန်ထမ်းများနှင့်ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်း ချိုသာစွာဖြင့် လှည့်လည်ရောင်းချ ပေး လျက်ရှိ




ထားဝယ်၊ နိုဝင်ဘာ   ၃

ကိုဗစ်-၁၉ ကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနက ဝန်ထမ်းများနှင့် ပြည်သူများအား အခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနအနေဖြင့် ဒေသအတွင်း အခြေခံ စားသောက်ကုန်များ စျေးနှုန်း သက်သာ ဝယ်ယူ စားသုံးနိုင်စေရန် ဒေသအတွင်း နေထိုင်သော ဝန်ထမ်းများနှင့် ပြည်သူလူထုများအား စျေးနှုန်းသက်သာစွာ အခြေခံ စားကုန် များ၏ ဝယ်ယူနိုင်ရေးအတွက် စျေးကားအစီအစဉ်ဖြင့် လှည့်လည် ရောင်းချပေးခြင်းဖြစ်ပါတယ်၊ ဝယ်ယူရောင်းချနိုင်တဲ့ နေရာကတော ့မြို့နယ်မှာဆိုရင် မြို့နယ် သမဝါယမအသင်းစုတွေမှာ လက်လီလက်ကား ဝယ်ယူရောင်းချနိုင်ပါ တယ်။ ရပ်ကွက်ကျေးရွာတွေ့မှာဆိုရင် သမဝါယမအသင်း ကုန်စုံဆိုင် ဖွင့်လှစ်ထားပြီး ဝယ်ယူနိုင်ပါတယ်။ ဝန်ထမ်းများအတွက် တနင်္သာရီတိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနကနေတစ်ဆင့် ဌာနအရောက် ရောင်းချပေးခဲ့ပါတယ်။ မြို့နယ်မှာဆိုရင် သမဝါယမဦးစီးဌာနကနေတဆင့် ဝယ်ယူနိုင်ပါတယ်ဟု တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်းက ပြောကြားသည်။

သမဝါယမဦးစီးဌာနက ဒေသအတွင်း ဝန်ထမ်းများနှင့်ပြည်သူများအား ကြက်ဥ တစ်လုံးလျှင် ၁၃၀ ကျပ်၊ ဇီယာဆန် (မော်လမြိုင်) ၁၂ ပြည်ဝင်တစ်အိတ်လျှင် ၁၅၅၀၀ ကျပ်၊ ပေါ်ဆန်းဆန် (မော်လမြိုင်) ၂၅၀၀၀ ကျပ်၊ ဇီယာဆန် (ဧရာဝတီ) ၁၅၅၀၀ ကျပ်၊ ပေါ်ဆန်းဆန် (ဧရာဝတီ)၂၆၀၀၀ ကျပ်၊ မြေပဲဆီသန့် တစ်လီတာလျှင် ၃၉၀၀ ကျပ်၊ ပုဇွန်ဆီသန့် တစ်လီတာ လျှင် ၃၀၀၀ ကျပ်၊ပုဇွန်ဆီသန့်နှစ်လီတာလျှင် ၅၉၀၀ ကျပ် ၊ကြက်သွန်ဖြူ/နီ စသည့်တို့ကို သက်ဆိုင်ရာ မြို့နယ်များအရောက် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိရပြီး တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနအနေဖြင့် ပြည်သူများ၏ စားဝတ်နေရေး အထောက်အကူ ပြုစေရန် ဆက်လက်ဖြန့်ဖြူး ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)