ကျိုက်လတ်မြို့ အောင်မြင့်မိုရ်ဈေးတွင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်မြို့ အောင်မြင့်မိုရ်ဈေးတွင် မီးလောင်မှုဖြစ်ပွား



ကျိုက်လတ်၊ နိုဝင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၆လမ်း၊ အောင်မြင့်မိုရ်ဈေးတွင် ယမန်နေ့ နေ့လည်(၁၃:၀၀) နာရီခန့်က မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကျိုက်လတ်မြို့နယ် မီးသတ်စခန်းမှ ဒု-မီးသတ်စခန်းမှူး ဦးဇေယျာမင်းဦးဆောင်၍ သန္ဓေရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်းမှုဖြင့် မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အပေါ့စား မီးသတ်စက်(၄)လုံးဖြင့် ငြှိမ်းသတ်ခဲ့ရာ (၁၃:၁၅)တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရခြင်းမှာ အောင်မြင့်မိုရ်ဈေးရုံ (၂)ဆိုင်ခန်း(၆) ခြင်ဆေးခွေ ထွန်းထားရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးကုန်စုံဆိုင်များသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုကြောင့် (၈*၈)ပေသွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း ဈေးဆိုင်ခင်း၊ ဆိုင်ခန်းမျက်နှာကျက် မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊  ဆိုင်ရှင်အား ကျိုက်လတ်မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းသိရှိရသည်။

သတင်း - ဌေးဌေးလှိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)