ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်




ရှမ်းရွာသစ်၊ နိုဝင်ဘာ    ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေ ပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ ကင်းဝေး စေရန် ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရှမ်းရွာသစ် မြို့တိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းစုစုအောင်က ကလေးငယ်များ ကူးစက်ရောဂါတို့မှကာကွယ်ရန်နှင့် ကျန်းမာရေးအသိရှိစေရန်အတွက် ကျန်းမာရေး အသိပညာပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အသက်နှစ်နှစ်အောက်ကလေးငယ်များအား အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများထိုးပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)