လောင်းလုံး၊ နိုဝင်ဘာလ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Phase -3 First Dose ထိုးနှံပေးခြင်းကို အောက်တိုဘာလ (၁၆) ရက်နေ့မှစတင်ထိုးနှံကာ နိုဝင်လ (၁) ရက်နေ့အထိ ထိုးနှံပြီးသူ (၄၈၁၁) ဦးရှိပြီဖြစ်ကြောင်း သိရပါသည်။
ထိုသို့ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးရာတွင် ဦးစားပေးအလိုက်ပြည်သူများ၊ အသက် (၁၈ )နှစ်နှင့် အထက်မသန်စွမ်းသူများ၊ အသက် (၁၈)နှစ်နှင့်အထက် ရဟန်းသံဃာများ၊ သီလရှင်များ၊ နာတာရှည်ရောဂါရှိပြီး ကူးစက်ရောဂါမရှိသူများ၊ အသက်(၁၈) နှစ်ပြည့်ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက် ရှိပါသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ဒေါက်တာ မင်းညွန့်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။
သတင်း - သိန်း(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment