တွံတေး၊ နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေး မြို့နယ်၌ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့် အညီ မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှအသက် ၁၂နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်၉ နာရီမှစ၍ အ.ထက(၁) ယုဇနခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဒုတိယ အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးရာတွင်၌ မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ(၁၃၇၅)ဦးကို ပထမအသုတ်အဖြစ် သတ်မှတ် နေရာ(၁၀)နေရာတွင် မြို့နယ် ဆရာဝန်ကြီးဒေါက်တာ မျိုးဇော်လှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံ ပေးခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရသည်။
ယနေ့တွင်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသားကျောင်းသူ (၂၀၃)ဦးကို ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူမြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဦးလှစိုးထံမှ သိရှိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များက ကြီးကြပ် ၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေး အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - မျိုးလှိုင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment