တောင်ကုတ်မြို့အခြေခံပညာကျောင်းများ၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး Sinovac အား ဒုတိယ အကြိမ် ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့အခြေခံပညာကျောင်းများ၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး Sinovac အား ဒုတိယ အကြိမ် ဆက်လက်ထိုးနှံ




တောင်ကုတ်၊  နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့အခြေခံပညာကျောင်းများ၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac အားအသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်သူများအား ယနေ့နံနက် ၈ နာရီမှ ညနေ ၄ နာရီ အချိန်ထိ ဂူတာရပ်ကွက် အထက(၂) မြို့မကျောင်းခန်းမ၌ ပထမအကြိမ်ထိုးနှံထားသော ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ အခြေခံပညာကျောင်းများ ၌စတင်ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ   ထုတ်လုပ်သော Sinovac အမျိုးအစားဆေးဖြစ်ပြီး ပထမအကြိမ် ဦးတည်အခြေခံပညာကျောင်း (၃၅)ကျောင်း ၌ စုရပ်ထားကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်သူ (၁၂၁၅၂)ဦးအား ထိုးနှံပေးပြီးယနေ့ အထက(၂) ကျောင်းခန်းမ၌ အလယ် တန်းအဆင့်မှ အထက်တန်းအဆင့် ဦးတည်အုပ်စုများမှ ကျောင်းသားကျောင်းသူများအား ကိုဗစ် -၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း -  စန်းဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)