ထားဝယ်၊ နိုဝင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပန်းသိင်္ဂီစွမ်းအင် ကုမ္ပဏီလီမိတက်တို့အကြားချုပ်ဆိုမည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ထားဝယ်မြို့မှ(၂၁)မိုင်ခန့်အကွာဖောင်းတောချောင်းတွင် ရေအားလျှပ်စစ်အဆင့်မြှင့်တင်ခြင်းနှင့်လေအား လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်းလေ့လာရေးလုပ်ငန်းဆောင်ရွက်ရန် ချုပ်ဆိုသည့် နားလည်မှု မှတ်တမ်း MOU လက်မှတ် ရေးထိုးမည့်အခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ထားဝယ်မြို့မှ(၂၁)မိုင်ခန့်အကွာ တွင်ရှိ သောဖောင်းတော ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအားအဆင့်မြင့်ပြီး ထားဝယ်ခရိုင်အတွင်း ရှိ ဆက်စပ်သော မြို့နယ်များအတွက် လိုအပ်သောလျှပ်စစ်ဓာတ်အားအလုံအလောက်ရရှိရေး၊ လျှပ်စစ် ဓာတ်အားခ စျေးနှုန်းချိုသာစွာရရှိရေး ဖြစ်နိုင်ချေရှိ/မရှိ လက်မှတ်ရေးထိုးသောအခမ်းအနား ဖြစ် ကြောင်း၊ ဖောင်းတောရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၀-၁၅ ခုနှစ်ကတည်းက လုပ်ဆောင်ရန် စီစဉ် ဆောင်ရွက်ထားပြီးအကြောင်းအမျိုးမျိုးကြောင့်နှောင်းနှေးကြန့်ကြာခဲ့ရကြောင်း၊ ဖောင်းတောရေအားလျှပ်စစ်ကို၁၉၃၉ ခုနှစ်က စတင်လည်ပတ်ခဲ့ပြီး အသုံးပြုထားသောပစ္စည်းများ လည်းစွမ်းအား ကျဆင်းလာပြီဖြစ်သဖြင့် နည်းပညာများပိုမိုအဆင့်မြင့်သည့်စက် များဖြင့်အစားထိုး တပ်ဆင်နိုင်ရေးအတွက်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း လုပ်ငန်းများကို၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ မှစ၍ လုပ်ဆောင်မည်ဆိုပါကဒီဇင်ဘာလတွင်လျှပ်စစ်ဓာတ်အား လုံလောက် စွာရရှိမည်ဖြစ်ကြောင်း၊ လျှပ်စစ် ဓာတ်အားကို ရေအားဖြင့်လည်ပတ်ရသောကြောင့် ရာသီဥတုအပေါ်မူတည်ပြီး မိုးရေချိန်အနည်း အများ အပေါ်မူတည်သည့်အတွက် နွေရာသီတွင်ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြစ်မြောက်အောင်မြင်ရေးအတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ပြီးသက်ဆိုင်ရာကုမ္ပဏီများအနေဖြင့်လည်းအား တက်သရောဖြင့်သတ်မှတ်သည့်ကာလအတွင်းပြီးမြောက်အောင် ဆောင်ရွက်ပေး ရန် လိုအပ်ကြောင်းပြောကြားသည်။
ထိုနောက်တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက MOU လက်မှတ်ရေးထိုးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီလီမိတက်ကကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေ များအားရှင်းလင်းတင်ပြ၍ တာဝန်ရှိသူများက နားလည်မှုမှတ်တမ်း MOU တွင်လက်မှတ် ရေးထိုး ခဲ့ကြကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment