ငရုတ်ကောင်းမြို့အထကတွင်အသက်(၁၂)နှစ်အထက်ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများဒုတိယအကြိမ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငရုတ်ကောင်းမြို့အထကတွင်အသက်(၁၂)နှစ်အထက်ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများဒုတိယအကြိမ်ထိုးနှံပေး

               

ငရုတ်ကောင်း၊ နိုဝင်ဘာ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငရုတ်ကောင်းမြို့(အထက)ကျောင်း၌အသက်(၁၂)နှစ်အ ထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၁နာရီကငရုတ်ကောင်း(အထက) ရွှေရတုခမ်းမဆောင်တွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင် ဆေးထိုးရန် လာရောက်ကြသည့် အသက်(၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ကျောင်းသူများကိုပညာရေးဌာနမှဝန်ထမ်းများ ကလက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့်စာရင်းမှတ်တမ်းရေးသွင်းခြင်းကောက်ယူခြင်းများကိုဆောင်ရွက်ပေးပြီး ကျန်းမာရေးဝန်ထမ်းများကကာကွယ်ဆေးထိုးနှံပေးခြင်းများကိုစနစ်တကျဆောင်ရွက် ပေးလျက်ရှိသည်။

ငရုတ်ကောင်းမြို့တွင်အဆိုပါကာကွယ်ဆေးအားအခြေခံပညာအလယ်တန်း၊အထက်တန်းမှအသက် (၁၂) အထက်ရှိကျောင်းသား၊ ကျောင်းသူ(၁၇၆)   ဦးကိုအောက်တိုဘာ၁၈ရက်နေ့မှစတင်၍ ပထမအ ကြိမ် ထိုးနှံပေးထားခဲ့ပြီးဖြစ်ကာနိုဝင်လာ၂၃ရက်နေ့မှစ၍အခြေခံပညာကျောင်းများမှကျောင်းသား၊ကျောင်းသူများကိုဒုတိယအကြိမ်မြောက်ပြန်လည်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)