ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုတွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုတွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


ပလောက်၊ နိုဝင်ဘာ  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ဆက်လက် ထိုးနှံပေးခြင်းကို ပလောက်မြို့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်ခန့်တွင် ပြည်ခြား ကျေးရွာ၊ ခရစ်ယာန် ဘုရားကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေး လာရောက်ထိုးနှံသူ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား မြို့ကျန်း မာရေး ဝန်ထမ်းများက အပူချိန် တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးအခြေအနေအပေါ် မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - နှင်းမြူလွင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)