ရန်ကုန်၊ ဒီဇင်ဘာ ၇
ယနေ့ ဒီဇင်ဘာ ၇ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၈၆) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် တောင်ကိုရီးယားရှိ မြန်မာသံရုံးကစီစဉ်ပေးခဲ့ပြီး မြန်မာနိုင်ငံသား (၂၅)ဦး လိုက်ပါခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ/ သွားရောက်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာ သံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေး လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ လေယာဉ်သည် ကိုရီးယားအင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန်(၁၆:၅၀) နာရီတွင် ထွက်ခွာခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၂၅) ဦးနှင့်အတူ
ကနေဒါမှ(၁) ဦး၊ အီတလီမှ (၃) ဦး၊ ဖိလစ်ပိုင်မှ (၆) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၈) ဦးတို့ စီးနင်းလိုက်ပါခဲ့ကြောင်း သိရသည်။
လိုက်ပါသည့် ခရီးသည်များအနေဖြင့် လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေး အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများက လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment