နေပြည်တော်၊ ဒီဇင်ဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွမ်ဆမ် သည် မြန်မာနိုင်ငံသို ဇန်နဝါရီ (၇) ရက်နေ့တွင် လာရောက်မည်ဖြစ်ပြီး အထင်ကရ ဘုရားစေတီများကို သွားရောက်ဖူးမြော် မည်ဖြစ်ကြောင်းသိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအပေါ် အာဆီယံနိုင်ငံများအတွင်း ကန့်သတ်မှုများ ပြုလုပ်လျက်ရှိသော်လည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေဖြင့် အာဆီယံအစည်းအဝေးများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အကြီးအကဲ တက်ရောက်ခွင့် ရှိကြောင်း ရပ်တည်ပြောဆိုခဲ့သူ ဖြစ်သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment